Request

ဒီဘလော့ကို ဆက်ရေးချင်သူရှိပါက noliasv@gmail.com သို့ဆက်သွယ်တောင်းယူနိုင်ပါသည်

Sunday, October 7, 2012

အိမ် - ဓီရာမိုရ် (စိတ်ဓါတ်ကျဆင်းနေချိန် နားထောင်မိတဲ့ သီချင်း)



 သီချင်းကို Downloadလုပ်ရန်...

အိမ် - ဓီရာမိုရ်
ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်
ရံရွေတော် ထပ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေမှာ ဖြူစင်စွာ အကြင်နာများဝေ....
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...
ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်တည်ဆောက်ကြမယ်လေ...
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...
အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တဘက်ရယ်..
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...
ဒီအချိန်မှာ အိမ်အပြင်မှာ ကဗျာတွေ ရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်
ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ...
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ....
ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို
ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်...
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဏာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတာနာခြယ် သိင်္ဂါရီအိမ်.....
တစ္တေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့ အိမ် ငါတို့ အိမ်
ရဲရင့်လိုက် ချစ်တဲ့ အိမ် တို့ ဆောက်ကြမယ်...
ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်တည်ဆောက်ကြမယ်လေ...
မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...
(စိတ်ဓါတ်ကျဆင်းနေချိန် နားထောင်မိတဲ့ သီချင်း)

2 comments:

Anonymous said...

ဘယ်လိုဒေါင်လုပ် ဆွဲရမလဲ
သိချင်လိုက်တာ

Anonymous said...

အောက်ကလင့်ကနေ ဒီသီချင်းကို ဒေါင်းနိုင်ပါတယ်

https://www.dropbox.com/s/fwx0t5wc9bug1bg/D%20Yar%20Mo%20-%20Eain%20%7B%20%E1%80%93%E1%80%AD%E1%80%9B%E1%80%AC%E1%80%99%E1%80%AD%E1%80%AF%E1%80%9B%E1%80%B9%20-%20%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%20%7D%20%28Mobile%29.3gp