Request

ဒီဘလော့ကို ဆက်ရေးချင်သူရှိပါက noliasv@gmail.com သို့ဆက်သွယ်တောင်းယူနိုင်ပါသည်

Thursday, August 16, 2012

Android version 2.1,2.2 ကို root လုပ်၍ မြန်မာဖောင့်ထည့်ခြင်း

Android version 2.1,2.2 ကို root
လုပ်၍ မြန်မာဖောင့်ထည့်ခြင်းကို
အဆွေတော်များလိုရင် သုံးစွဲနိုင်ဖို့
တင်ပေးလိုက်ပါတယ်။
Android 2.2 နှင့် ၄င်းကောင်းအောက်
ဗားရှင်းများကို computer မလိုပဲ မိမိဖုန်း
ဖြင့် ကိုယ်တိုင် root လုပ်နိုင်ပါတယ်။
လိုအပ်တာကတော့ z4 root .apk
ပါပဲ ။ သူရှိတယ်ဆိုရင် ကောင်းကောင်း
အလုပ်ဖြစ်ပါတယ်။ကဲ....

z4rootကိုဒီမှာယူလိုက်
ရရင် installလုပ်လိုက်ပါ။
ပြီးပါက open ကိုနှိပ်ပါ။
စာကြောင်းသုံးကြောင်းကိုတွေ့ရမယ်
၁။ temporary root
၂။ permanent root
၃။unroot
၂ ကိုရွေးပေးလိုက်ပါ ။
ဒါဆိုရင်သင့်ဖုန်းကို root
စတင်လုပ်နေတာကိုတွေ့မြင်နေရပါပြီ။
၃မိနစ်လောက်စောင့်ရပါမယ်။ အများဆုံး
၅မိနစ်ပေါ့။
အထူးသတိပြုရန်
root လုပ်နေစဉ် မည်သည့် ခလုတ်ကိုမှ
မနှိပ်မိပါစေနဲ့။
root ကိုအောင်မြင်စွာပြုလုပ်ပြီးပါက
phone အလိုလျှောက် restart  
ကျသွားပါမည်။
ဆော့ဝဲများပေါ်သည့်နေရာတွင်
superuser ဟူသော software
ရောက်ရှိနေသည်ကိုသင်တွေ့ရမှာပါ။
ဒါ root လုပ်တာ အောင်မြင်ခြင်းရဲ့
သင်္ကေတပါပဲ။
တဆက်တည်းမြန်မာဖောင့်သွင်းကြည့်
ကြရအောင်....
zawgyi font changer ( rooted)
   
ဇော်ဂျီဖောင့်ကို
မိမိဖုန်းထဲထည့်သွင်းပေးမယ့် software ပါ၊
ဒီ software
အသုံးပြုချင်တယ်ဆိုရင်တော့ မိမိဖုန်းဟာ
Root လုပ်ပြီးသားဖြစ်ရပါမယ် ။
   
အထူးသဖြင့် SONY PHONE
တွေအတွက် ပိုအသုံးဝင်မယ်ထင်ပါ။
SONY PHONE တွေမှာမြန်မာစာကို
မှန်မှန်ဖော်ပြပေးနိုင်ပါတယ်။
SOFTWARE မှာ
                      
Zawgyi font သာမန်
                    
Zawgyi font ဆိုနီ
ဆိုပြီးနှစ်မျိုးပါပါတယ် ။ Sony Pone
ပိုင်ရှင်တွေကတော. Zawgyi font
ဆိုနီကိုရွေးပါ။
ကျန်ဖုန်းများအတွက် တော. အပေါ်က
Zawgyi font သာမန်ကိုပဲရွေးပေးပါ။
ဒီမှာZawgyi Font Changer အားရယူရန်
မြန်မာကီးဘုတ်ထည့်ရအောင်
ခုဏမြန်မာဖောင့်ထည့်လိုက်လို့
မြန်မာလိုမြင်ရပေမယ့် မြန်မာလို
စာရိုက်မရသေးပါဘူး။
ဒီကီးဘုတ်လေး insallလုပ်ရပါဦးမယ်။
ကျနော်လက်ရှိသုံးနေတဲ့ ကီးဘုတ်ပါ။
ဒီမှာဒေါင်းလိုက်ပါ....
ထုံးစံအတိုင်း install ပေါ့ဗျာ။
ပြီးရင် done နှိပ်။
မပြီသးပါဘူး ။ဒီကီးဘုတ်စာရိုက်နိုင်ဖို့
အဆင့်နှစ်ဆင့်ကျန်ပါသေးတယ်။
ကဲဆက်လိုက်ရအောင်။
SETTING---LANGUAGE & KEYBOARD
FROZEN KEYBOARD
မှာအမှန်ခြစ်ပေးလိုက်ပါ
ပြီးရင် မက်ဆေ့ပို့တဲ့နေရာမှာ
စာရိုက်ဖို့ နေရာရွေးပါ။
စာလုံးတွေ ပေါ်မဲ့ နေရာမှာ ၃
စက္ကန့်လောက်ဖိထားပါ၊
INPUT METHOD မှာ FROZENKEYBOARD ကိုရွေးပေးပါ။
မြန်မာာာကီးဘဘုတ်ကြီးပေါ်လာပါလိမ့်
မယ်။ ဒါဆိုပြီးပြီဗျာ... အောင်မြင်ပါစေ...
PHONEနဲ့ blogging ခဲ့တာမို့
ပုံနဲ့မပြနိုင်တာကိုခွင့်လွတ်ပါ။



No comments: